Tuesday, September 4, 2007

မုသာဝါဒ

ချက် လိမ်
ခြောက် က စေ့ငြမ်း

ပလီစိ စင်…

ကူ ပုံပြောကောင်းသူ မာ

လီ ကူ

ကူ မာ ကူ လီ

RedRose

Programmer

Copy-Paste ,Copy-Paste
Copy-Paste ,Copy-Paste
Copy
Paste
Copy
Paste
Copy
Paste
Copy
Paste
Copy
Paste
Copy-Paste ,Copy-Paste
Copy-Paste,Copy-Paste

Copy-Paste,Copy-Paste
Copy-Paste,Copy-Paste
Copy
Paste
Copy
Paste
Copy
Paste
Copy
Paste
Copy
Paste
Copy
Paste

Monday, September 3, 2007

ချောင်းကြည့်သူ

သူအိမ်နားကို ကပ်မိတဲ့အချိန်က တော်တော်မှောင်နေပါပြီ
လမ်းသွားလမ်းလာတွေနည်းသွားသမို့ သူ့ရဲ့ လှုပ်ရှားမှုကို အလွယ်တကူ မမြင်နိုင်တော့ပါဘူး
အိမ်ကလေးကတော့ ပြတင်းပေါက်ကနေ မှောင်နေတဲ့ သူရပ်နေတဲ့ အပြင်လောကကြီးကို အလင်းတွေ သွန်ချနေလေရဲ့
သူပြတင်းပေါက်နားကို တိုးတိုးလေးကပ်သွားတယ်.. ဘယ်သူ့ကိုမှ အနှောက်အယှက်မဖြစ်စေချင်ဘူးလေ...
ပြတင်းပေါက်ကတဆင့် မြင်ရတဲ့ အိမ်ထဲမှာတော့ သူ့ရဲ့ ချစ်ရခင်မင်ရပါသော သူတွေ ပျော်ရွှင်ချမ်းမြေ့ နေကြလေရဲ့
သူထွက်ခွာမသွားခင်တုန်းက အတိုင်းပဲလေ...
ထွက်ခွာဖို့ မဆုံးဖြတ်ခဲ့ဘူးဆိုရင် တကယ်ဆို သူလဲ ဒီအိမ်လေးထဲမှာ ဒီချစ်ခင်ရသူတွေနဲ့ ရီလိုက်မောလိုက် နောက်လိုက်ပြောင်လိုက် လုပ်နေခဲ့မှာ အသေအချာပဲ
ခုချိန်မှာဆိုလဲ သူ့ကို အရေးအရာလုပ်ပြီး သတိရမယ့်ချစ်ခင်သူဆိုတာ ရှိနိုင်ပါဦးမလား သံသယဖြစ်မိနေတယ်...

သူ ဆက်ပြီး မည်သူမှ သတိမထားမိစွာပဲ ရပ်ကြည့်နေမိတယ်...
ခြေထောက်တွေ အေးစက်တောင့်တင်းလာသည်အထိပေါ့

ခဏနေတော့ အဆုံးမရှိတဲ့ လောကကြီးထဲကို သူထွက်သွားလေရဲ့
သူ့ဘက်က သတိတရ ရှိခဲ့ရင်တော့ ဒီလိုပဲ ပြန်လာပြီး တိတ်ဆိတ်စွာ လာချောင်းကြည့်ဦးမှာပါ

myanmar women's rights

မြန်မာအမျိုးသမီးများအခွင့်အရေး....
ု ဖွင့်ထားတဲ့အတွေးတွေနဲ့ သူမျိုးတွေသာ မိန်းမနဲ့ဆိုတာ လည်းလူပဲ...လူတစ်ယောက်မို့ သူ့မှာလည်း လူတစ်ယောက်နည်းတူ ဘ၀မှာ သူ့တိုးတက်ရာတိုးတက်ကြောင်း ကြိုးစားခွင့်ရှိတယ် ဆိုတာမျိုးစိတ်ထားနိုင်ကြတာပါ။မိန်းမတစ်ယောက် သူ့ဘ၀နဲ့သူ ကောင်းမွန်အောင် ပိုလို့ တိုးတက်အောင်ကြိုးစားနေတယ်ဆိုရင် ကြည့်မရတဲ့ မြန်မာယောက်ျားတွေအတ်ာများတယ်ထင်တာပဲ။ အဲလိုမျိုးဆို အဲဒီမိန်းမကို ဘယ်လို ဘယ်သူကိုမှလည်းထိခိုက်နစ်နာအောင်လုပ်နေတာမျိုးမဟုတ်ဘဲ သူ့ဘာသာ စာကျက်နေတဲ့ မိန်းကလေးမျိုးကို ဘာလို့စာကျက်နေမလဲ လင်ယူလိုက်ဆိုတာမျိုးတွေပြောတာက မြန်မာလူမျိုးတွေပဲရှိတယ်။ ဟနတို့တိုင်းပြည်မှာ မိန်းမအရေအတွက်ကယောက်ျားအရေအတွက်ထက်ပိုလို့များတယ်။ ယောက်ျားတွေသာပဲ ပညာတတ်ရမယ်..ယောက်ျားတွေသာပဲ လုပ်ပိုင်ခွင့်တွေ ညွှန်ကြားပိုင်ခွင့်တွေရှိရမယ်ဆိုရင် တိုင်းပြည်ရဲ့တ၀က်ကျော်မိန်းမတွေရဲ့ လုပ်အား ၊ ဥာဏ်အားကို တော့အသုံးချခွင့်မပေးဘူးဆိုရင် ကြာရင် ဘယ်လိုအခြေအနေဖြစ်မလဲ...မိန်းမတွေကိုလည်း အခွင့်အရေးပေးမှ မသိမသာ စိတ်ပိုင်းဆိုင်ရာဖိနှိပ်ထားတာမျိုးတွေမရှိမှဖြစ်မယ်။ အခုတော့ မိန်းမတွေဟာ မသိမသာ အခွင့်အရေးမရနေတာ..ရနေတာမျိုးကျတော့မြန်မာအမျိုးသမီးတွေ ယောက်ျားတွေနဲ့တန်းတူ ညကလပ် ၊ ဒစ်စကိုတွေသွားဖို့အခွင့်အရေးတွေရနေတယ်...ဘီယာအတူသောက်ဖို့ အခွင့်အရေးတွေရနေတယ်..ယောက်ျားတွေ ညလည်သလို တန်းတူအခွင့်အရေးတွေရနေကြတာပဲ မြင်တယ်။ မြန်မာအမျိုးသမီးတွေ အတော်လွတ်လပ် တန်းတူအခွင့်အရေးတွေရနေတာပါပဲလားလို့...

Sunday, September 2, 2007

မဆီလေးရယ်တဲ့ အိုမဆိုင်

ကျွန်မ အဖေ ရှိစဉ်က ပြောနေကြစကားလေးပါ
"မဆီလေးရယ်တဲ့ အိုမဆိုင်" ကျွန်မတို့ ပြောလေ့ရှိတာ.. မဆီမဆိုင်ပေါ့ ဒါပေသည့် အဖေကတော့ အဲလိုပြောလေ့ရှိပါတယ်။
ဒီထက် ထပ်ရှည်ရှည်ပြောချင်တဲ့ mood နဲ့ဆို ရင် .. မဆီလေးရယ်တဲ့ အိုမဆိုင်.. လက်ပံသား ဓါးနဲ့ ချိုင်

ကျွန်မတို့ လူ့နယ်ပယ်မှာ မယောင်ရာဆီလူး တာတို့.. မဆီမဆိုင်တဲ့ကိစ် စ တွေကို.. သွားပက်သက် ဆက်ယှက်ပြီး ဒုက်ခပေးတာ၊ နစ်နာစေတာတို့
မိမိသိစိတ်ကဖြင့်သော်လည်းကောင်း၊ မသိစိတ်ဖြင့်သော်လည်းကောင်း လုပ်မိတာလေးတွေကို ခံစားရတဲ့အခါမှ.. အဲံဒီစကားလေး သွားသတိရပါတယ်။

မဆီလေးရယ်တဲ့ အိုမဆိုင်.. လက်ပံသား ဓါးနဲ့ချိုင်...

RedRose

What is CRAZY ??

ကိုဂျေအယ်ကြီးက ဖိတ်ခေါ်တဲ့အတွက် ကျွန်တော်စဉ်းစားမိလိုက်တဲ့ စကားတန်ဆာ အကြောင်းကို ပြောပြချင်မိပါတယ်။

မကြာသေးခင် အချိန်ကလေးကပဲ ကျွန်တော်နဲ့ သိကျွမ်းပြီး အပြင်မှာ တစ်ခါမှ မတွေ့ဖူးသူတစ်ယောက်နဲ့ အတော်လေး စကားလက်ဆုံ ကျခဲ့မိပါတယ်။
အထူးသဖြင့် ကိုငှက်ကြီး(ထူးအိမ်သင်) အကြောင်းတွေပေါ့။

သူကလဲ ကိုငှက်ကို ခရေဇီ၊ ကျွန်တော်ကလည်း ခရေဇီပေါ့။
သူ့ရဲ့(ထူးအိမ်သင်) အကြောင်းတွေ ပြောရင်းနဲ့ ကျွန်တော်တို့ သူ့ကိုဘာကြောင့် စွဲလမ်း နှစ်သက်ကြတယ်ဆိုတဲ့ အကြောင်းရောက်သွားပါတယ်။
အင်္ဂလိပ်လိုပြောရင်တော့ ခရေဇီ ဖြစ်ရတယ်ဆိုတဲ့အကြောင်းပေါ့ဗျာ။
မြန်မာလိုပြန်ပြောရင်တော့ ဘယ်လိုဘာသာပြန်ရမယ်မှန်း အတိအကျမသိပါဘူး။
အရူးအမူးပဲပြောရမလား၊
ဒါမှမဟုတ် အရူးလို့ပဲပြောရမလား။
ကျွန်တော်ပြောချင်တဲ့ စကားက ခရေဇီဆိုတဲ့ အကြောင်းရဲ့ အဓိပ္ပါယ်ကိုပါ။
တချို့ကလဲ ခွေးချီးတဲ့။
ခွေးချီးမလို့လို့ ဘာချီးပဲဖြစ်ဖြစ် ကျွန်တော်တို့ သူ့ကို စွဲလမ်းတာကိုပြောချင်သလို ပြောကြစမ်းပါစေဗျာ။ အပြောခံနိုင်ပါတယ်။
ပြောမယ့်သာ ပြောရတာ အစကတော့ အဲဒီလို အပြောခံရရင် ခံပြင်းမိတယ်။
(ဘယ့်နှယ့်ဗျာ ကိုယ့်ဟာကိုယ်ကြိုက်တာ ဘယ်လိုကြိုက်ကြိုက်ပေါ့။ ထူးအိမ်သင်ရဲ့ မိန်းမလား၊ ဘာလား၊ ညာလားနဲ့ လာလာပြီး ရိနေ၊ ပြောနေကြသေးတယ်။)

ဆက်ပြောရရင် ခရေဇီဆိုတာက စကားအလှအပလေးနဲ့ ပြောမယ်ဆိုရင်တော့ တော်တော်လေးကို ကြိုက်တယ်၊ စွဲလမ်းတယ်၊ နှစ်သက်တယ်လို့ ဆိုရမလားပဲ။ လူဆိုတာမျိုးဟာ သူတို့ မနှစ်သက်တာ၊ မလုပ်နိုင်တာတွေကို သူတပါးက နှစ်သက်တယ်ဆိုရင် ကောင်းမြင်တတ်တဲ့ သူက ခပ်ရှားရှားရယ်။
စကားလုံးလှလှလေးသုံးပြီး အရူးအမူုးစွဲလမ်းတယ်လို့ ပြောရင်လည်းရတဲ့ အကြောင်းကို မပြောကြဘဲ ပစပ်ပစ်ခါခါအပြောခံရတာတွေ များလာတော့လည်း အရေထူတယ်ပဲပြောရမလား မစဉ်းစားတတ်ပါဘူးဗျာ။ စဉ်းလဲ မစဉ်းစားချင်တော့ဘူး။
ပြောချင်သလိုပြော ခုနလေးတင်က ကျွန်တော့်မိတ်ဆွေနဲ့ ကျွန်တော်တို့ စကားပြောခဲ့ကြသလို ကိုငှက်ပြောသလို၊ ကျင့်ကြံနေထိုင်သွားသလိုပဲ နေလိုက်ကြရင် အကောင်းဆုံးပါပဲ။

ကိုငှက်အကြောင်း ကျွန်တော်သိသလောက်လေး ပြောပြပါဦးမယ်။ သူက ဂီတ အနုပညာနဲ့ပါတ်သက်ပြီး တော်တော်လေးကို ခရေဇီဗျ။
မသိတာမရှိသလောက်ပဲလို့ ကျွန်တော့်မိတ်ဆွေက ပြောပြပါတယ်။
သူနဲ့ ကိုငှက်နဲ့ မန်းလေးမှာ တွေ့ဆုံခဲ့ဖူးတဲ့ အကြောင်း၊ တစ်ခုခုကို နှစ်သက်လေ့လာပြီး လိုက်စားမိရင် အဲဒီတစ်ခုတည်းကို တစ်ဖက်စွန်းရောက်အောင်အထိ လုပ်ဆောင်တတ်ကြောင်း ပြောပြပါတယ်။
ခရေဇီဖြစ်တယ်ပေါ့ဗျာ။
သူက(ကိုငှက်) အဲဒီလိုတွေ သူလုပ်ချင်တာတွေကိုပဲ ရူးရူးမူးမူးလုပ်ဆောင်သွားတော့ သူ့အနုပညာကို တန်ဖိုးထားကြတဲ့သူတွေ၊ သူ့မိတ်ဆွေ အသိုင်းအ၀န်းတွေကလည်း သူ့လိုပဲ နဲနဲတစ်ဖက်စွန်းတော့ ရောက်ကြတယ်လို့ပြောပါတယ်။
ဥပမာဗျာ ကိုငှက်ရဲ့ မှော်ဆရာအိပ်မက် အယ်လ်ဘမ်ထဲက အရူးအမူးပဲ သီချင်းထဲကလိုပေါ့။
စာသားတွေကောင်းတယ်။ သံစဉ်ဆန်းတယ်။ ဘယ်တော့မှမရိုးဘူး။

သူ့ရဲ့အဲဒီလို အရူးအမူးဂီတအပေါ် စွဲစွဲလမ်းလမ်းနဲ့ သူပြချင်တာကို ထုတ်ပြခဲ့လို့ ပရိတ်သတ်တွေကလည်း သူ့ကို ကြိုက်ကြတာ အရူးအမူးပဲလို့ ကျွန်တော့်မိတ်ဆွေက ပြောပြပါတယ်။
ကိုငှက်ပရိတ်သတ်ကလည်း ကိုငှက် တစ်ယောက်တည်းကိုပဲ ရူးရူးမူးမူးကြိုက်နေသေးကြောင်း၊ ခရေဇီလို့ပဲ ပြောပြော၊ အရူးလို့ပဲပြောပြော၊ တစ်ဖက်စွန်းရောက်တယ်လို့ပဲ ပြောပြော သူခံနိုင်သွားပြီဆိုတဲ့ အကြောင်းကို ကျွန်တော့်မိတ်ဆွေက ပြောပြသွားပါတယ်။
သူနဲ့ ကျွန်တော်တို့ အခုတော့ ခရေဇီဖြစ်တယ်ဆိုတဲ့အကြောင်းကို ပြောရတာ အာတွေ့တယ်ဗျာ။
သူ့လိုလူမျိုးကိုမှ ခရေဇီမဖြစ်ရင် မြန်မာလူမျိုးထဲမှာ ခေတ်ပေါ်၈ီတအနုပညာနဲ့ ပါတ်သတ်ပြီး ကျွန်တော်တို့အဖို့ ခရေဇီ ဖြစ်လောက်စရာ သူမရှိခဲ့ပါဘူး။

ခင်များတို့ကော ကိုငှက်ထူးအိမ်သင်ကို နှစ်သက်ကြတာ ခရေဇီပဲလား၊ အရူးအမူးပဲလား။ အရမ်းကြိုက်ကြတုန်းပဲလား။ စကားတန်ဆာတွေ မဖွဲ့နွဲ့ပဲ ခပ်ရိုင်းရိုင်းပြောရင် သောက်ရမ်းခရေဇီ ဖြစ်တုန်းပဲလား။
ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေကတော့ လူကဘ၀မှာ ရှိနေသေးသရွေ့ ခရေဇီပါပဲဗျာ။
စကားလုံးတွေကို တန်ဆာမဆင်တတ်တော့ ပြောချင်သလိုပြော၊ ကျွန်တော်တို့ကတော့ ခရေဇီပါပဲဗျာ။ ။

ချစ်ခြင်းအားဖြင့်
ဖိုးသား။

တို့ကတော့အဖြူထည်လေးပါပဲ..

လမ်းလျှောက်တယ်

တစ်ယောက်တည်း လမ်းလျှောက်တယ်
နောက်က ခြေသံကြားတော့ အရှိန် တိုးလျှောက်တယ်
ဘယ်သူလဲ သိချင်တော့ ပြန်နှေးလိုက်တယ်
ငါ့ကိုကျော်သွားတော့ လိုက်မှီအောင် ကြိုးစားတယ်
မမှီနိုင်တော့ ပုံမှန်ပဲ ဆက်လျှောက်ဖြစ်တယ်
ဘယ်သူလဲတော့ သိခွင့်မရခဲ့

ကိုယ့်လမ်းကို လျှောက်တာပဲလေ...
ဘေးချင်းယှဉ်မိတုန်းက တစ်ချက်လောက် ငဲ့ကြည့်ခဲ့ရရင် အကောင်းသား

when we arrive Rome...

ရောမကိုရောက်ရင်....
မြန်မာဆိုတာ ဘယ်နေရာကိုပဲရောက်ရောက် မြန်မာပါပဲ။ မြန်မာအမျိုးသမီးတွေ တိုင်းတပါးရောက်နေရင်လည်း အဲဒီတိုင်းပြည်သူဖြစ်မသွားပါဘူး။အမေရိကန်ပြည်ထောင်စုကိုရောက်နေလို့ မြန်မာအမျိုးသမီးတစ်ယောက်ဟာ အမေရိကန်မ ဖြစ်မသွားပါဘူး။ ထိုင်းနိုင်ငံကိုရောက်နေလို့လည်း ထိုင်းအမျိုးသမီးတစ်ဦးဖြစ်မသွားသလို စင်္ကာပူနိုင်ငံကိုရောက်နေလို့လည်း စင်္ကာပူတိုင်းပြည်သူဖြစ်မသွားပါဘူး။ မြန်မာဆိုတာ သွေးထဲမှာ မြန်မာပါပဲ။
ဘယ်တိုင်းပြည် ဘယ်နေရာပဲရောက်ရောက် မြန်မာဆိုတာ မြန်မာပါပဲ။သူများတိုင်းပြည်မှာ သူများတွေလုပ်သလိုလိုက်လုပ် ၊ သူများတွေဝတ်သလိုလိုက်ဝတ်မှ အရည်အချင်းရှိမှာ လူရာဝင်ကြမှာလား။သူများတိုင်းပြည်မှာ ကိုယ့်လူမျိုး ကိုယ့်ရိုးရာအ၀တ်အစားနဲ့ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ်နေမှ ဒါတကယ့်မြန်မာမဟုတ်လား။ သူများတိုင်းပြည်မှာ သူများတွေ ဒစ်စကိုသွားသလို ညဘက်တွေသွား ၊ ပါတီတွေတက် ဆိုရင် ဒါ ..မြန်မာ့ဂုဏ်ကို ဘာထိန်းတာလဲ။ သူများတိုင်းပြည်သွားပြီး သူများတွေဝတ်သလို ၊ သူများတွေ လုပ်သလိုတွေလိုက်လုပ်တိုင်း သူများတွေနည်းတူ တိုးတက်မြင့်မားမသွားပါဘူး။ သူများတွေတွေးခေါ်သလို ၊ သူများတွေကြံစည်သလို ၊ သူများတွေ ကြိုးစားသလို ၊ သူများတွေ နိုင်ငံကြီးသားပီသသလို ကိုယ်ကပါလိုက်ထိန်းသိမ်းနိုင်မှသာလျှင် ကိုယ်လည်းအဆင့်အတန်းရှိတဲ့ လူမျိုးဖြစ်မှာပါ။
ရောမကိုရောက်ရင်ရောမလိုကျင့်ရမယ်ဆိုတဲ့စကားဟာ ရောက်နေတဲ့နေရာရဲ့ ရာသီဥတု ၊ အစားအသောက်တွေကို အဆင်ပြေအောင် သင့်တော်အောင် ညှိနှိုင်းနေထိုင်ဝတ်ဆင်စားသောက်တာကိုပြောတာလို့ပဲ မြင်မိပါတယ်။ပြင်သစ်နိုင်ငံလိုနေရာမျိုးမှာ ၀ိုင်မသောက်ဘဲ ၊ ပြင်သစ်လူမျိုးတွေ စားတဲ့ ဒိန်ခဲတွေမစားဘဲ ၊ သစ်စေ့တွေမစားဘဲ နဲ့ မြန်မာအစားအစာကိုသာ စားမယ်ဆိုရင် ပြင်သစ်နိုင်ငံရဲ့ ရာသီဥတုအအေးဒဏ်ကို ခံနိုင်ရည်ရှိမှာမဟုတ်ပါဘူး။အဲဒီအတွက် အစားအသောက်ကိုညှိုနှိုင်းချင့်ချိန်စားသောက်ရပေမယ့် ယဉ်ကျေးမှုကိုတော့ ပြောင်းလဲပစ်လိုက်ဖို့ မလိုအပ်ဘူးလို့ ကျွန်မက မြင်မိပါတယ်။ မြန်မာဆိုတာ မြန်မာယဉ်ကျေးမှုကိုပဲ လိုက်နာရမှာပါ လို့ ကျွန်မပြောရင် ကျွန်မကို အစွန်းရောက်သူ ၊ ပြောချင်ရာတွေ စွတ်ပြောသူလို့ မြင်ကြ ၊ ပြောကြဦးမှာလားရှင်....

Saturday, September 1, 2007

life is a bubble

life is a bubble...

နောက်ဆုံး ထွက်သက် အမျိုးမျိုး။

အတ္တ သမားတို့ ၏ ထွက်သက်

ငါ ...

ဒေါသ သမားတို့ ၏ ထွက်သက်

မင်း …

ဝိသမ လောဘ သားတို့ ၏ ထွက်သက်

ငါ မရှိတော့ရင် ...

နောင်တ သမားတို့ ၏ ထွက်သက်

ဒီလိုသာ လုပ်ခဲ့ရင် ...

သာမန်လူတို့ ၏ ထွက်သက်

အား ...

တရား သမားတို့ ၏ ထွက်သက်

ဘုရား၊ တရား၊ သံဃာ ...

လောက၏ ဗဟိုချက်

ငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါ

ငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါငါ

လမ်းဆုံ

လမ်း
လမ်း
လမ်း
လမ်း
လမ်းလမ်းလမ်းလမ်းလမ်းလမ်းလမ်းလမ်းလမ်းလမ်းလမ်း
လမ်း
လမ်း
လမ်း
လမ်း

နွားရှေ့ ထွန်ကျူး

နွား ... ထွန်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထွန် ... နွား
<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<