ကျွန်တော့်အိမ်: အာဇာနည်နေ့အတွက် အာဇာနည်ဗိမ္မာန် ဗိသုကာနဲ့ သမိုင်း
အာဇာနည်ဗိမ္မာန်ရဲ့ သမိုင်းကြောင်းကို သိသလောက် ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကျွန်တော့်စိတ်ထဲ ရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အရင်တုန်းက ဗိမ္မာန်ပုံစံကို ပုံစံတူဘာဖြစ်လို့ ပြန်မဆောက်သလဲလို့ မေးချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ပုံစံကို ပိုမိုသဘောကျမိလို့ပါပဲ။
အကြောင်းပြချက်မရှိ မနှစ်သက်တာကို ပြောပြမိတဲ့အတွက် စိတ်မကောင်းမိပါ။
ကျွန်တော်ပြောချင်တာက ကျွန်တော် ဒီဇိုင်းအကြောင်း နားမလည်ပါ။
ကျွန်တော်နားလည်တာကတော့ အရင်က ပုံစံနဲ့ လက်ရှိပုံစံ လုံးဝ မတူညီအောင် ကွာခြားသွားပြီး ယခုလက်ရှိပုံစံကို ကျွန်တော် မနှစ်သက်မိပါ။
ငယ်ငယ်က အာဇာနည်ကုန်း လို့ခေါ်ခေါ်နေတဲ့ အာဇာနည် ဗိမ္မာန်နေရာကို ရွှေတိဂုံဘုရားရောက်တိုင်း နီးပါးသွားပြီး အလေးပြုခဲ့ပါတယ်။
ကျွန်တော် မှတ်မိသလောက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဂူဗိမ္မာန်က အကြီးဆုံးဖြစ်ပြီး အလယ်မှာ တည်ရှိပါတယ်။ သူ့ဘေးမှာ သခင်မြ နဲ့ ကျွန်တော် အမှတ် မမှားရင် ဦးဘ၀င်း ကို ဂူသွင်းမြှုပ်နှံထားပါတယ်။
နိုင်ငံတော်အလံကို အာဇာနည်တွေရဲ့ ခေါင်းရင်းဖက်မှာ အလံတိုင် တစ်ဝက်ချပြီး လွှင့်ထူပေးထားပါတယ်။
အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ကိုယ်ရေးအကျဉ်းနဲ့ မြန်မာ့လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းစဉ်မှာ လုပ်ကြံခံရတဲ့အတွက် ကျဆုံးခဲ့ရကြောင်းနဲ့ အာဇာနည်လို့ မည်သို့ခေါ်ဆိုထိုက်ကြောင်းကိုလည်း ရှင်းပြထားပါတယ်။
အာဇာနည် ဗိမ္မာန်ဆိုတာ မသိတဲ့သူများ သွားကြည့်ရင် ဖတ်ရှုစရာတွေ၊ လေ့လာစရာတွေ ပြည့်နေရာကနေ ရုတ်တရက် ပြောင်ရှင်းသွားသလို ဟာတာတာ ကွင်းပြင်လယ်ကြီးထဲမှာ ဖြစ်သွားရတာကို အာဇာနည်ကုန်းနားရောက်တိုင်း စိတ်မကောင်းလဲ အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးပါတယ်။
အရင်ကလို သစ်ပင်တွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ အမိုးအကာအောက်မှာ အာဇာနည်တွေရဲ့ သမိုင်းကြောင်းနဲ့ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသူများဆိုတာကို ဖော်မပြထားဘဲ ဖျောက်ဖျက်ပစ်လိုက်တာကိုတော့ အံ့သြလို့ မဆုံးပါဘူး။
ကျွန်တော် အသစ်ဆောက်လိုက်ပြီးမှ အာဇာနည်ကုန်းကို တစ်ကြိမ်ရောက်ဖူးပါတယ်။ ရှားရှားပါးပါး ၀င်ခွင့်ရဖူးလို့ပါ။ ကျွန်တော်မှတ်မိသလောက် ယနေ့လက်ရှိ အာဇာနည် ဗိမ္မာန်မှာ ဖော်ပြထားချက်တွေဟာ အရင် အချိန်ကလောက် ဘာဖြစ်လို့ ပြည့်စုံအောင် ဖော်မပြထားတာလဲ ဆိုတာကိုတော့ စဉ်းစားလို့ မရနိုင်အောင်ပါပဲ။
စာကြွင်း။ မည်သူ့ကိုမျှ မရည်ရွယ်ပါ။ ရင်ထဲက ခံစားချက်ကို မျှဝေရုံသက်သက်ပါ။
Friday, July 18, 2008
ကျွန်တော့်အိမ်: အာဇာနည်နေ့အတွက် အာဇာနည်ဗိမ္မာန် ဗိသုကာနဲ့ သမိုင်း
Thursday, October 18, 2007
morals
ဆရာကြီး လူထုဦးစိန်ဝင်းရဲ့ ရှက်စိတ်ဆိုတဲ့ ဆောင်းပါးရှည်ကို ကျွန်မတို့ လူငယ်တွေ အတော်များများ ဖတ်ဖူးကြပါတယ်။ဆရာကြီးပြောသလိုပဲ ခေတ်ကာလရွေ့လျောလာတာနဲ့ အမျှ အရှက်တရားဟာလည်း တဖြည်းဖြည်းပြောင်းလဲလာပါတယ်။ ဟိုအရင်က စာမေးပွဲမှာ ခိုးချ ၊ ကူးချဖြေတာကို ကျောင်းသားတွေကရှက်တတ်ခဲ့ကြပေမယ့် အခုခေတ်အချိန်မှာတော့ ဒါဟာ လုပ်ရိုးလုပ်စဉ်တစ်ခုလိုဖြစ်နေပြီး မရှက်ကြတော့ပါဘူး။ဟိုအရင်က ရိုးသားမှု ကိုဂုဏ်ယူတတ်ကြခဲ့ပေမယ့် အခုခေတ်ကာလအချိန်မှာ ရိုးသားရတာကို အ တယ် နုံတယ် လို့ထင်ကြမှာ စိုးလို့ဆိုပြီး ရိုးသားမှု ဂုဏ်ကိုတန်ဖိုးထားရကောင်းမှန်း သိသူရှားပါးလာပါတယ်။ဟိုအရင်က ရှက်စရာကောင်းတယ်လို့ ထင်ခဲ့ကြတဲ့ အပြုအမူ ၊ လုပ်ရပ်တချို့ဟာ အခုအချိန်မှာ သာမန်မျှသာဖြစ်နေပါတယ်။ ကိုယ်ကျင့်တရား စောင့်ထိန်းသူတွေ ဟာ မိမိကိုယ်ကျင့်တရားပျက်ယွင်းမှာ ကိုအသက်သေမတတ်ကြောက်ရွံ့ ရှက်တတ်ကြပေမယ့် ကိုယ်ကျင့်တရားမစောင့်ထိန်းသူတွေဟာ ပြောင်ပြောင်တင်းတင်း ပေါ်ပေါ်တင်တင်ပဲ မစောင့်ထိန်းတော့ပါဘူး။ လူ့တန်ဖိုးကို တိုင်းတာတဲ့အရာဟာလည်း ပြောင်းလဲသွားပြီလား ဆိုတာ ကျွန်မ ဇဝေဇ၀ါဖြစ်မိပါတယ်။ကိုယ်ကျင့်တရားကောင်းမွန်အောင်စောင့်ထိန်းဖို့ဆိုတာက ခက်ပါတယ်။ အခုခေတ်ကာလမှာ ကိုယ်ကျင့်တရားပျက်စီးကြောင်း အာရုံတွေ ၊ အပျော်တွေက သိပ်ကိုလွယ်လင့်တကူများပြားနေတာကြောင့် ကိုယ်ကျင့်တရားစောင့်ထိန်းသူဦးရေလျော့ပါး လာပါတယ်။ကိုယ်ကျင့်တရားစောင့်ထိန်းဖို့ဆိုတာက မိမိစိတ်ကိုချုပ်တည်းရမယ် ဆိုတာမျိုးမှာ လူတွေ အတွက်အခက်တွေ့စေပါတယ်။ ကိုယ်ကျင့်တရားစောင့်ထိန်းသူကို ကိုယ်ကျင့်တရားမစောင့်ထိန်းသူတွေက မနှစ်သက်တတ်ပါဘူး။ မိမိက ကိုယ်ကျင့်တရားမစောင့်ထိန်းနိုင်တဲ့အခါမှာ ကိုယ်ကျင့်တရားစောင့်ထိန်းသူတို့ရဲ့ အပြု အမူ ၊ လုပ်ရပ်တွေ နဲ့ မိမိရဲ့ အပြုအမူ လုပ်ရပ်တွေကို ယှဉ်ကြည့်ရင် မသိစိတ်က ရှက်စရာဖြစ်မိတာကြောင့် ကိုယ်ကျင့်တရားမစောင့်ထိန်းသူတို့ဟာ ကိုယ်ကျင့်တရားစောင့်ထိန်းသူတို့နဲ့ မိတ်ဆွေ မဖြစ်လိုကြပါဘူး။ ထို့အတူပဲ ကိုယ်ကျင့်တရားစောင့်ထိန်းသူများဟာ လည်း ကိုယ်ကျင့်တရားမစောင့်ထိန်းသူများနဲ့ မိတ်ဆွေ မဖြစ်လိုကြပါဘူး။ မတူညီသော သဘောသဘာဝ၊ စရိုက်များနဲ့ လူများဟာ အတူတကွ မိတ်ဆွေ အပေါင်းအသင်းဖြစ်နိုင်ဖို့ ဆိုတာ အင်မတန်ရာခိုင်နှုန်း နည်းပါတယ်။ အခုလက်ရှိကာလမှာ ကိုယ်ကျင့်တရားစောင့်ထိန်းဖို့ ဆိုတာက ကိုယ်ကျင့်တရားဖောက်ဖျက်ဖို့လောက် မလွယ်ကူတာကြောင့် အလွယ်တကူဖြစ်တဲ့ ကိုယ်ကျင့်တရားဖောက်ဖျက်သူ အရေအတွက်သာပိုများလို့နေပါတယ်။ ကိုယ်ကျင့်တရားမစောင့်ထိန်းသူအချင်းချင်း မိတ်ဆွေ အပေါင်းအသင်းဖြစ်မိကြပြီး အချင်းချင်းနှစ်လိုပါတယ်။လူဆိုတာ ကိုယ်မှားနေတာလုပ်နေရင် ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး ဆိုတာကို လက်ညှိုးထိုးပြလို့ရအောင် အဖော်ရှာတတ်ကြပါတယ်။ကိုယ်ကျင့်တရားမစောင့်ထိန်းသူတွေဟာ ကိုယ်ကျင့်တရားမစောင့်ထိန်းသူအချင်းချင်းသာ မိတ်ဆွေ ဖြစ်ကြပါတယ်။ အရေအတွက်များလာတဲ့ ကိုယ်ကျင့်တရားမစောင့်ထိန်းသူတွေဟာ အင်အားကြီးမားလာလို့ သူတို့ကိုယ်တိုင်ကပဲ မှန်နေသလိုမျိုး အခုခေတ် ကာလမှာ ဖြစ်နေပြန်တော့ ကိုယ်ကျင့်တရားစောင့်ထိန်းသူ လူနည်းစုမှာ မိမိရပ်တည်နေမှုအပေါ်မှာ သင်္ကာမကင်းဖြစ်ဖို့တော့မလိုအပ်ပါဘူး။ ဘာလို့လဲ ဆိုတော့ တန်ဖိုးရှိတဲ့ အဖိုးတန် ပစ္စည်းဆိုတာ ရှားပါးပါတယ်။အရေအတွက် များများမရှိလှပါဘူး။ အဖိုးတန်ပစ္စည်းဆိုတာ ကိုယ့်တန်ဖိုးမကျသွားအောင် ထိန်းသိမ်းရပါတယ်။ လူတစ်ယောက်ရဲ့တန်ဖိုးကိုတိုင်းတာတဲ့ ကိုယ်ကျင့်တရားဆိုတာကို နည်းနည်းလေးမှ အပွန်းပဲ့မခံဘဲ ထိန်းသိမ်းမလား ။ ကိုယ်ကျင့်တရားမစောင့်ထိန်းသူအဖြစ်ပဲ မိမိကိုယ်မိမိ ခံယူမလားဆိုတာ ကျွန်မတို့ရဲ့ ရွေးချယ်မှုသာဖြစ်ပါတယ်။
(ဟနစံ)
Sunday, October 14, 2007
Before We Act.....
အမိယုတ်တော့ နှုတ်ကြမ်း၏။ အဖယုတ်တော့ ကိုယ်ကြမ်း၏ ။ဆိုတဲ့မြန်မာရှေးရိုးစကားကြောင့် ကျွန်မမှာ ဘာတစ်ခုပဲလုပ်ချင် လုပ်ချင် စဉ်းစားနေရပါတယ်။ ကိုယ့်ဘာသာလုပ်လိုက်ပေမယ့်လည်း ကိုယ့်မိဘ ကိုထိခိုက်မှာစိုးတာနဲ့ အနေအထိုင် ၊ အပြောအဆိုကစလို့ ဆင်ခြင်နေရပါတယ်။ကိုယ့်ဘာသာကိုယ် လုပ်ချင်ရာလုပ် ၊ ပြောချင်ရာပြောတာကို ဘာမှမဆိုင်ဘဲ မိဘကအလကားနေရင်းကြားကနေ ယုတ်တယ် ဖြစ်သွားဦးမှာမို့ တစ်ခုခုပြောတော့မယ်ဆိုတိုင်းလည်း စဉ်းစားပြီးမှပြောနေရပါတယ်။ ကျွန်မအပေါ်ကြီးမားလှတဲ့ မိဘကျေးဇူးကို ကျွန်မပြန်လည်ဆပ်နိုင်ဖို့ဆိုတာ ဒီဘ၀တစ်ခုတည်းနဲ့လုံလောက်မှာမဟုတ်ပါဘူး။မိဘကျေးဇူးကိုမဆပ်နိုင်သေးတဲ့အပြင် မိဘကိုပါ အပြောခံရအောင်လုပ်မယ်ဆိုရင်ကျွန်မအင်မတန်မတရားတော့ဘုးလေ။ ယနေ့ခေတ်လူငယ်လေးတွေက အင်မတန်ကြိုးစားကြပါတယ်။ ကြိုးစားသလောက်လည်း ဖြစ်ထွန်းကြပါတယ်။ နည်းပညာ နဲ့ အဆင့်မြင့်ပညာတွေထွန်းကားတဲ့ ခေတ်ကြီးမို့ လူငယ်လေးတွေ အင်မတန်ထူးချွန်ကြပါတယ်။မိဘတွေကြောင့်မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ်ကြိုးစားလို့ ဒီလိုဖြစ်တာ ဒီလိုတတ်တာ ဒီလိုတော်တာ ဆိုတဲ့ သဘောမျိုး ပြောနေတဲ့လူငယ်လေးတွေကိုတွေ့ရင် ကျွန်မ အရမ်းပြောချင်တာတစ်ခုက...ဟုတ်ပါတယ်။ ကိုယ်ကြိုးစားလို့ ဒီလိုတတ်မြောက်ထူးချွန်နေတာ။ ဒါပေမယ့် ဒီလိုပညာရပ်တွေကိုဆည်းပူးဖို့ အခြေခံပညာ ကစလို့ သင်ပေးခဲ့တာ ၊ ကျောင်းထားပေးခဲ့တာ မိဘတွေမဟုတ်ပါလား။ အေ ဘီ စီ ဒီ ကစလို့မတတ်ဘဲ ၊ ၀လုံးလေးဝိုင်းအောင်မရေးတတ်ဘဲ ဒီလို ပညာရပ်တွေကို ၀ုန်းကနဲ ၊ ဒိုင်းကနဲ ဘယ်သူတတ်မြောက်ပါမလဲ။ မိဘကမွေးခဲ့လို့ လူအဖြစ်ကိုရောက်လာပြီး မိဘက ကျွေးမွေးပြုစုခဲ့လို့ ဒီအရွယ် ဒီလိုဖြစ်လာတာမှာ မိဘတွေကြောင့်မဟုတ်ဘူးလို့ ပြောလို့ရပါမလား။ တချို့လူငယ်လေးတွေက သူတို့ဘာသာမနေနိုင်မထိုင်နိုင်မွေးလို့ လူဖြစ်လာတာပဲ။ ကျေးဇူးတင်စရာမလိုပါဘူး ဆိုတဲ့သဘောမျိုးလည်း ပြောတာကိုကြက်သီးမွေးညှင်းထစွာ ကြားခဲ့ရဖူးပါတယ်။မိဘနှစ်ဦး အချစ်ပွားလို့ပဲ မွေးလို့ လူဖြစ်လာတယ် လို့ဆိုတာ လူမဖြစ်ရင် ကိုယ်ဘာသွားဖြစ်မလဲဆိုတာ တွေးကြည့်မိပါတယ်။လူဆိုတာ သက်ရှိတွေထဲမှာ အဆင့်မြင့်ဆုံး ၊ ဥာဏ်ပညာအရှိဆုံးနဲ့ စဉ်းစားတွေးခေါ်မြော်မြင်နိုင်စွမ်းအရှိဆုံးပါ။တကယ်လို့များ ကျွန်မတို့ လူမဖြစ်လာရင် တခြား သက်ရှိတွေဖြစ်လာမှာပေါ့။ ဒါဆိုလူဖြစ်လာရတဲ့အတွက် မိဘတွေရဲ့ကျေးဇူးအင်မတန်ကြီးမားလှပါတယ်။ မိဘတွေရဲ့ မွေးကျေးဇူး ၊ ကျွေးကျေးဇူး နဲ့ ပြုစုစောင့်ရှောက် ပညာသင်ပေးခဲ့တဲ့ကျေးဇူးတွေကို ကျွန်မ မဆပ်နိုင်ဘဲ မိဘတွေ အပြောခံရအောင်တော့မလုပ်ပါဘူးလို့ ဆုံးဖြတ်မိပြီး ကျွန်မ တစ်ခုခုပြောမယ် လုပ်မယ်ရည်ရွယ်တိုင်း မိဘ နှစ်ပါးရဲ့ မျက်နှာကိုမြင်ပြီး ဆင်ခြင်မိပါတယ်။ လူ့စိတ် ကိုလေ့လာတဲ့အခါမှာလည်း လူတွေဟာတစ်ခုခုကိုပြောလိုက်တာ မရည်ရွယ်ဘူးလို့ပြောလို့မရပါဘူး။စကားတစ်ခွန်းကိုပြောလိုက်တယ်ဆိုရင် အဲဒီစကားဟာသူ့စိတ်မှာကြိုတင်တွေးတောကြံစည်ပြီးသားမို့ပါ။ဒေါသအလျှောက်ပြောမိတယ်။ မှားမိတယ်လို့ လူတွေဟာ ဆင်ခြေပေးတတ်ကြပေမယ့်တကယ်တန်းလူ့စိတ်သဘောမှာ တစ်ခုခုကိုပြောမယ်ဆိုတာ သူ့စိတ်မှာ နဂိုတည်းကရှိပြီးသားမို့ သူ့ပါးစပ်ကနေပြောထွက်သွားတာပါ။ဥပမာ ဆိုရင် မင်းကဘာကောင်မို့လဲ လို့ မေးလိုက် ၊ ပြောလိုက်တဲ့ လူတစ်ယောက်ဟာ သူမေးလိုက်၊ ပြောလိုက်တဲ့ သူကို အဲလိုသူ့စိတ်ထဲမှာတွေးပြီးသားပါ။သူကဘာကောင်မို့လဲ။ သူက ဘာမို့လို့လဲ ဆိုတာကို သူ့စိတ်မှာရှေးဦးမဆွတည်းက ကြံစည်တွေးတောမိပြီးသားမို့ သူမေးတာ ပြောတာပါ။ရုတ်တရက်ဆိုတော့ ဒေါသအလျှောက် ပြောလိုက်မိတာပါ။ ဒေါသနဲ့ စကားတွေမှားတာပါလို့ ဆင်ခြေ ဆင်လက်တွေ လူတွေကပေးတတ်ကြပေမယ့်ဘယ်စကား ၊ ဘယ်အရာမဆို လူ့စိတ်ကနေ ကြံစည်တွေးမိပြီးသားတွေဆိုတာနက်နဲပြီး စိတ်ဝင်စားစရာကောင်းလွန်းလှတဲ့ သိမ်မွေ့လှတဲ့ ဘာသာရပ်တစ်ခုဖြစ်တဲ့ လူ့စိတ်သဘောဘာသာရပ်မှာ လေ့လာတွေ့ရှိနိုင်ပါတယ်။ အဲဒါသူ့ ၀သီပဲလေ။ သူကဒီလိုပဲပြောတတ်တာပဲ ။ သူ့စိတ်မှာဘာမှသဘောမရှိဘူး။သူ့အကျင့်မို့လို့ သူဒီလိုပဲ ပြောတာ လုပ်တာလို့ လူကြီးသူမတွေက တစ်ယောက်နဲ့တစ်ယောက်အမုန်းပွားမှာစိုးလို့ ဆင်ခြေတွေကြားထဲကနေ ပေးနေတတ်ကြပါတယ်။ဒါပေမယ့်သေချာပြန်စဉ်းစားကြည့်ရင် အပြော အဆို အပြု အမူတွေဟာ လူ့စိတ်ကနေကြိုတင်မကြံစည်ထားဘဲ သူ့အလိုလိုဖြစ်မှမလာနိုင်တာပဲ။လူကြီးတွေပြောတဲ့စကားကို ဒီနေရာမှာ ဆန့်ကျင်လိုပေမယ့် ဘာမှမပြောမိတော့ပါဘူး။ ဒါသူ့ဝသီပဲလေ ဆိုလည်း သူ့ဝသီပေပဲလို့ ထားလိုက်ရုံပဲရှိပါတော့တယ်။ (ဟနစံ)
Tuesday, September 4, 2007
Programmer
Copy-Paste ,Copy-Paste
Copy
Paste
Copy
Paste
Copy
Paste
Copy
Paste
Copy
Paste
Copy-Paste ,Copy-Paste
Copy-Paste,Copy-Paste
Copy-Paste,Copy-Paste
Copy-Paste,Copy-Paste
Copy
Paste
Copy
Paste
Copy
Paste
Copy
Paste
Copy
Paste
Copy
Paste
Monday, September 3, 2007
ချောင်းကြည့်သူ
သူအိမ်နားကို ကပ်မိတဲ့အချိန်က တော်တော်မှောင်နေပါပြီ
လမ်းသွားလမ်းလာတွေနည်းသွားသမို့ သူ့ရဲ့ လှုပ်ရှားမှုကို အလွယ်တကူ မမြင်နိုင်တော့ပါဘူး
အိမ်ကလေးကတော့ ပြတင်းပေါက်ကနေ မှောင်နေတဲ့ သူရပ်နေတဲ့ အပြင်လောကကြီးကို အလင်းတွေ သွန်ချနေလေရဲ့
သူပြတင်းပေါက်နားကို တိုးတိုးလေးကပ်သွားတယ်.. ဘယ်သူ့ကိုမှ အနှောက်အယှက်မဖြစ်စေချင်ဘူးလေ...
ပြတင်းပေါက်ကတဆင့် မြင်ရတဲ့ အိမ်ထဲမှာတော့ သူ့ရဲ့ ချစ်ရခင်မင်ရပါသော သူတွေ ပျော်ရွှင်ချမ်းမြေ့ နေကြလေရဲ့
သူထွက်ခွာမသွားခင်တုန်းက အတိုင်းပဲလေ...
ထွက်ခွာဖို့ မဆုံးဖြတ်ခဲ့ဘူးဆိုရင် တကယ်ဆို သူလဲ ဒီအိမ်လေးထဲမှာ ဒီချစ်ခင်ရသူတွေနဲ့ ရီလိုက်မောလိုက် နောက်လိုက်ပြောင်လိုက် လုပ်နေခဲ့မှာ အသေအချာပဲ
ခုချိန်မှာဆိုလဲ သူ့ကို အရေးအရာလုပ်ပြီး သတိရမယ့်ချစ်ခင်သူဆိုတာ ရှိနိုင်ပါဦးမလား သံသယဖြစ်မိနေတယ်...
သူ ဆက်ပြီး မည်သူမှ သတိမထားမိစွာပဲ ရပ်ကြည့်နေမိတယ်...
ခြေထောက်တွေ အေးစက်တောင့်တင်းလာသည်အထိပေါ့
ခဏနေတော့ အဆုံးမရှိတဲ့ လောကကြီးထဲကို သူထွက်သွားလေရဲ့
သူ့ဘက်က သတိတရ ရှိခဲ့ရင်တော့ ဒီလိုပဲ ပြန်လာပြီး တိတ်ဆိတ်စွာ လာချောင်းကြည့်ဦးမှာပါ
myanmar women's rights
မြန်မာအမျိုးသမီးများအခွင့်အရေး....
ု ဖွင့်ထားတဲ့အတွေးတွေနဲ့ သူမျိုးတွေသာ မိန်းမနဲ့ဆိုတာ လည်းလူပဲ...လူတစ်ယောက်မို့ သူ့မှာလည်း လူတစ်ယောက်နည်းတူ ဘ၀မှာ သူ့တိုးတက်ရာတိုးတက်ကြောင်း ကြိုးစားခွင့်ရှိတယ် ဆိုတာမျိုးစိတ်ထားနိုင်ကြတာပါ။မိန်းမတစ်ယောက် သူ့ဘ၀နဲ့သူ ကောင်းမွန်အောင် ပိုလို့ တိုးတက်အောင်ကြိုးစားနေတယ်ဆိုရင် ကြည့်မရတဲ့ မြန်မာယောက်ျားတွေအတ်ာများတယ်ထင်တာပဲ။ အဲလိုမျိုးဆို အဲဒီမိန်းမကို ဘယ်လို ဘယ်သူကိုမှလည်းထိခိုက်နစ်နာအောင်လုပ်နေတာမျိုးမဟုတ်ဘဲ သူ့ဘာသာ စာကျက်နေတဲ့ မိန်းကလေးမျိုးကို ဘာလို့စာကျက်နေမလဲ လင်ယူလိုက်ဆိုတာမျိုးတွေပြောတာက မြန်မာလူမျိုးတွေပဲရှိတယ်။ ဟနတို့တိုင်းပြည်မှာ မိန်းမအရေအတွက်ကယောက်ျားအရေအတွက်ထက်ပိုလို့များတယ်။ ယောက်ျားတွေသာပဲ ပညာတတ်ရမယ်..ယောက်ျားတွေသာပဲ လုပ်ပိုင်ခွင့်တွေ ညွှန်ကြားပိုင်ခွင့်တွေရှိရမယ်ဆိုရင် တိုင်းပြည်ရဲ့တ၀က်ကျော်မိန်းမတွေရဲ့ လုပ်အား ၊ ဥာဏ်အားကို တော့အသုံးချခွင့်မပေးဘူးဆိုရင် ကြာရင် ဘယ်လိုအခြေအနေဖြစ်မလဲ...မိန်းမတွေကိုလည်း အခွင့်အရေးပေးမှ မသိမသာ စိတ်ပိုင်းဆိုင်ရာဖိနှိပ်ထားတာမျိုးတွေမရှိမှဖြစ်မယ်။ အခုတော့ မိန်းမတွေဟာ မသိမသာ အခွင့်အရေးမရနေတာ..ရနေတာမျိုးကျတော့မြန်မာအမျိုးသမီးတွေ ယောက်ျားတွေနဲ့တန်းတူ ညကလပ် ၊ ဒစ်စကိုတွေသွားဖို့အခွင့်အရေးတွေရနေတယ်...ဘီယာအတူသောက်ဖို့ အခွင့်အရေးတွေရနေတယ်..ယောက်ျားတွေ ညလည်သလို တန်းတူအခွင့်အရေးတွေရနေကြတာပဲ မြင်တယ်။ မြန်မာအမျိုးသမီးတွေ အတော်လွတ်လပ် တန်းတူအခွင့်အရေးတွေရနေတာပါပဲလားလို့...
Sunday, September 2, 2007
မဆီလေးရယ်တဲ့ အိုမဆိုင်
ကျွန်မ အဖေ ရှိစဉ်က ပြောနေကြစကားလေးပါ
"မဆီလေးရယ်တဲ့ အိုမဆိုင်" ကျွန်မတို့ ပြောလေ့ရှိတာ.. မဆီမဆိုင်ပေါ့ ဒါပေသည့် အဖေကတော့ အဲလိုပြောလေ့ရှိပါတယ်။
ဒီထက် ထပ်ရှည်ရှည်ပြောချင်တဲ့ mood နဲ့ဆို ရင် .. မဆီလေးရယ်တဲ့ အိုမဆိုင်.. လက်ပံသား ဓါးနဲ့ ချိုင်
ကျွန်မတို့ လူ့နယ်ပယ်မှာ မယောင်ရာဆီလူး တာတို့.. မဆီမဆိုင်တဲ့ကိစ် စ တွေကို.. သွားပက်သက် ဆက်ယှက်ပြီး ဒုက်ခပေးတာ၊ နစ်နာစေတာတို့
မိမိသိစိတ်ကဖြင့်သော်လည်းကောင်း၊ မသိစိတ်ဖြင့်သော်လည်းကောင်း လုပ်မိတာလေးတွေကို ခံစားရတဲ့အခါမှ.. အဲံဒီစကားလေး သွားသတိရပါတယ်။
မဆီလေးရယ်တဲ့ အိုမဆိုင်.. လက်ပံသား ဓါးနဲ့ချိုင်...
RedRose