ကျွန်တော့်အိမ်: အာဇာနည်နေ့အတွက် အာဇာနည်ဗိမ္မာန် ဗိသုကာနဲ့ သမိုင်း
အာဇာနည်ဗိမ္မာန်ရဲ့ သမိုင်းကြောင်းကို သိသလောက် ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကျွန်တော့်စိတ်ထဲ ရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အရင်တုန်းက ဗိမ္မာန်ပုံစံကို ပုံစံတူဘာဖြစ်လို့ ပြန်မဆောက်သလဲလို့ မေးချင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ပုံစံကို ပိုမိုသဘောကျမိလို့ပါပဲ။
အကြောင်းပြချက်မရှိ မနှစ်သက်တာကို ပြောပြမိတဲ့အတွက် စိတ်မကောင်းမိပါ။
ကျွန်တော်ပြောချင်တာက ကျွန်တော် ဒီဇိုင်းအကြောင်း နားမလည်ပါ။
ကျွန်တော်နားလည်တာကတော့ အရင်က ပုံစံနဲ့ လက်ရှိပုံစံ လုံးဝ မတူညီအောင် ကွာခြားသွားပြီး ယခုလက်ရှိပုံစံကို ကျွန်တော် မနှစ်သက်မိပါ။
ငယ်ငယ်က အာဇာနည်ကုန်း လို့ခေါ်ခေါ်နေတဲ့ အာဇာနည် ဗိမ္မာန်နေရာကို ရွှေတိဂုံဘုရားရောက်တိုင်း နီးပါးသွားပြီး အလေးပြုခဲ့ပါတယ်။
ကျွန်တော် မှတ်မိသလောက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဂူဗိမ္မာန်က အကြီးဆုံးဖြစ်ပြီး အလယ်မှာ တည်ရှိပါတယ်။ သူ့ဘေးမှာ သခင်မြ နဲ့ ကျွန်တော် အမှတ် မမှားရင် ဦးဘ၀င်း ကို ဂူသွင်းမြှုပ်နှံထားပါတယ်။
နိုင်ငံတော်အလံကို အာဇာနည်တွေရဲ့ ခေါင်းရင်းဖက်မှာ အလံတိုင် တစ်ဝက်ချပြီး လွှင့်ထူပေးထားပါတယ်။
အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ ကိုယ်ရေးအကျဉ်းနဲ့ မြန်မာ့လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းစဉ်မှာ လုပ်ကြံခံရတဲ့အတွက် ကျဆုံးခဲ့ရကြောင်းနဲ့ အာဇာနည်လို့ မည်သို့ခေါ်ဆိုထိုက်ကြောင်းကိုလည်း ရှင်းပြထားပါတယ်။
အာဇာနည် ဗိမ္မာန်ဆိုတာ မသိတဲ့သူများ သွားကြည့်ရင် ဖတ်ရှုစရာတွေ၊ လေ့လာစရာတွေ ပြည့်နေရာကနေ ရုတ်တရက် ပြောင်ရှင်းသွားသလို ဟာတာတာ ကွင်းပြင်လယ်ကြီးထဲမှာ ဖြစ်သွားရတာကို အာဇာနည်ကုန်းနားရောက်တိုင်း စိတ်မကောင်းလဲ အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးပါတယ်။
အရင်ကလို သစ်ပင်တွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ အမိုးအကာအောက်မှာ အာဇာနည်တွေရဲ့ သမိုင်းကြောင်းနဲ့ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသူများဆိုတာကို ဖော်မပြထားဘဲ ဖျောက်ဖျက်ပစ်လိုက်တာကိုတော့ အံ့သြလို့ မဆုံးပါဘူး။
ကျွန်တော် အသစ်ဆောက်လိုက်ပြီးမှ အာဇာနည်ကုန်းကို တစ်ကြိမ်ရောက်ဖူးပါတယ်။ ရှားရှားပါးပါး ၀င်ခွင့်ရဖူးလို့ပါ။ ကျွန်တော်မှတ်မိသလောက် ယနေ့လက်ရှိ အာဇာနည် ဗိမ္မာန်မှာ ဖော်ပြထားချက်တွေဟာ အရင် အချိန်ကလောက် ဘာဖြစ်လို့ ပြည့်စုံအောင် ဖော်မပြထားတာလဲ ဆိုတာကိုတော့ စဉ်းစားလို့ မရနိုင်အောင်ပါပဲ။
စာကြွင်း။ မည်သူ့ကိုမျှ မရည်ရွယ်ပါ။ ရင်ထဲက ခံစားချက်ကို မျှဝေရုံသက်သက်ပါ။
Friday, July 18, 2008
ကျွန်တော့်အိမ်: အာဇာနည်နေ့အတွက် အာဇာနည်ဗိမ္မာန် ဗိသုကာနဲ့ သမိုင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment