Sunday, September 2, 2007

What is CRAZY ??

ကိုဂျေအယ်ကြီးက ဖိတ်ခေါ်တဲ့အတွက် ကျွန်တော်စဉ်းစားမိလိုက်တဲ့ စကားတန်ဆာ အကြောင်းကို ပြောပြချင်မိပါတယ်။

မကြာသေးခင် အချိန်ကလေးကပဲ ကျွန်တော်နဲ့ သိကျွမ်းပြီး အပြင်မှာ တစ်ခါမှ မတွေ့ဖူးသူတစ်ယောက်နဲ့ အတော်လေး စကားလက်ဆုံ ကျခဲ့မိပါတယ်။
အထူးသဖြင့် ကိုငှက်ကြီး(ထူးအိမ်သင်) အကြောင်းတွေပေါ့။

သူကလဲ ကိုငှက်ကို ခရေဇီ၊ ကျွန်တော်ကလည်း ခရေဇီပေါ့။
သူ့ရဲ့(ထူးအိမ်သင်) အကြောင်းတွေ ပြောရင်းနဲ့ ကျွန်တော်တို့ သူ့ကိုဘာကြောင့် စွဲလမ်း နှစ်သက်ကြတယ်ဆိုတဲ့ အကြောင်းရောက်သွားပါတယ်။
အင်္ဂလိပ်လိုပြောရင်တော့ ခရေဇီ ဖြစ်ရတယ်ဆိုတဲ့အကြောင်းပေါ့ဗျာ။
မြန်မာလိုပြန်ပြောရင်တော့ ဘယ်လိုဘာသာပြန်ရမယ်မှန်း အတိအကျမသိပါဘူး။
အရူးအမူးပဲပြောရမလား၊
ဒါမှမဟုတ် အရူးလို့ပဲပြောရမလား။
ကျွန်တော်ပြောချင်တဲ့ စကားက ခရေဇီဆိုတဲ့ အကြောင်းရဲ့ အဓိပ္ပါယ်ကိုပါ။
တချို့ကလဲ ခွေးချီးတဲ့။
ခွေးချီးမလို့လို့ ဘာချီးပဲဖြစ်ဖြစ် ကျွန်တော်တို့ သူ့ကို စွဲလမ်းတာကိုပြောချင်သလို ပြောကြစမ်းပါစေဗျာ။ အပြောခံနိုင်ပါတယ်။
ပြောမယ့်သာ ပြောရတာ အစကတော့ အဲဒီလို အပြောခံရရင် ခံပြင်းမိတယ်။
(ဘယ့်နှယ့်ဗျာ ကိုယ့်ဟာကိုယ်ကြိုက်တာ ဘယ်လိုကြိုက်ကြိုက်ပေါ့။ ထူးအိမ်သင်ရဲ့ မိန်းမလား၊ ဘာလား၊ ညာလားနဲ့ လာလာပြီး ရိနေ၊ ပြောနေကြသေးတယ်။)

ဆက်ပြောရရင် ခရေဇီဆိုတာက စကားအလှအပလေးနဲ့ ပြောမယ်ဆိုရင်တော့ တော်တော်လေးကို ကြိုက်တယ်၊ စွဲလမ်းတယ်၊ နှစ်သက်တယ်လို့ ဆိုရမလားပဲ။ လူဆိုတာမျိုးဟာ သူတို့ မနှစ်သက်တာ၊ မလုပ်နိုင်တာတွေကို သူတပါးက နှစ်သက်တယ်ဆိုရင် ကောင်းမြင်တတ်တဲ့ သူက ခပ်ရှားရှားရယ်။
စကားလုံးလှလှလေးသုံးပြီး အရူးအမူုးစွဲလမ်းတယ်လို့ ပြောရင်လည်းရတဲ့ အကြောင်းကို မပြောကြဘဲ ပစပ်ပစ်ခါခါအပြောခံရတာတွေ များလာတော့လည်း အရေထူတယ်ပဲပြောရမလား မစဉ်းစားတတ်ပါဘူးဗျာ။ စဉ်းလဲ မစဉ်းစားချင်တော့ဘူး။
ပြောချင်သလိုပြော ခုနလေးတင်က ကျွန်တော့်မိတ်ဆွေနဲ့ ကျွန်တော်တို့ စကားပြောခဲ့ကြသလို ကိုငှက်ပြောသလို၊ ကျင့်ကြံနေထိုင်သွားသလိုပဲ နေလိုက်ကြရင် အကောင်းဆုံးပါပဲ။

ကိုငှက်အကြောင်း ကျွန်တော်သိသလောက်လေး ပြောပြပါဦးမယ်။ သူက ဂီတ အနုပညာနဲ့ပါတ်သက်ပြီး တော်တော်လေးကို ခရေဇီဗျ။
မသိတာမရှိသလောက်ပဲလို့ ကျွန်တော့်မိတ်ဆွေက ပြောပြပါတယ်။
သူနဲ့ ကိုငှက်နဲ့ မန်းလေးမှာ တွေ့ဆုံခဲ့ဖူးတဲ့ အကြောင်း၊ တစ်ခုခုကို နှစ်သက်လေ့လာပြီး လိုက်စားမိရင် အဲဒီတစ်ခုတည်းကို တစ်ဖက်စွန်းရောက်အောင်အထိ လုပ်ဆောင်တတ်ကြောင်း ပြောပြပါတယ်။
ခရေဇီဖြစ်တယ်ပေါ့ဗျာ။
သူက(ကိုငှက်) အဲဒီလိုတွေ သူလုပ်ချင်တာတွေကိုပဲ ရူးရူးမူးမူးလုပ်ဆောင်သွားတော့ သူ့အနုပညာကို တန်ဖိုးထားကြတဲ့သူတွေ၊ သူ့မိတ်ဆွေ အသိုင်းအ၀န်းတွေကလည်း သူ့လိုပဲ နဲနဲတစ်ဖက်စွန်းတော့ ရောက်ကြတယ်လို့ပြောပါတယ်။
ဥပမာဗျာ ကိုငှက်ရဲ့ မှော်ဆရာအိပ်မက် အယ်လ်ဘမ်ထဲက အရူးအမူးပဲ သီချင်းထဲကလိုပေါ့။
စာသားတွေကောင်းတယ်။ သံစဉ်ဆန်းတယ်။ ဘယ်တော့မှမရိုးဘူး။

သူ့ရဲ့အဲဒီလို အရူးအမူးဂီတအပေါ် စွဲစွဲလမ်းလမ်းနဲ့ သူပြချင်တာကို ထုတ်ပြခဲ့လို့ ပရိတ်သတ်တွေကလည်း သူ့ကို ကြိုက်ကြတာ အရူးအမူးပဲလို့ ကျွန်တော့်မိတ်ဆွေက ပြောပြပါတယ်။
ကိုငှက်ပရိတ်သတ်ကလည်း ကိုငှက် တစ်ယောက်တည်းကိုပဲ ရူးရူးမူးမူးကြိုက်နေသေးကြောင်း၊ ခရေဇီလို့ပဲ ပြောပြော၊ အရူးလို့ပဲပြောပြော၊ တစ်ဖက်စွန်းရောက်တယ်လို့ပဲ ပြောပြော သူခံနိုင်သွားပြီဆိုတဲ့ အကြောင်းကို ကျွန်တော့်မိတ်ဆွေက ပြောပြသွားပါတယ်။
သူနဲ့ ကျွန်တော်တို့ အခုတော့ ခရေဇီဖြစ်တယ်ဆိုတဲ့အကြောင်းကို ပြောရတာ အာတွေ့တယ်ဗျာ။
သူ့လိုလူမျိုးကိုမှ ခရေဇီမဖြစ်ရင် မြန်မာလူမျိုးထဲမှာ ခေတ်ပေါ်၈ီတအနုပညာနဲ့ ပါတ်သတ်ပြီး ကျွန်တော်တို့အဖို့ ခရေဇီ ဖြစ်လောက်စရာ သူမရှိခဲ့ပါဘူး။

ခင်များတို့ကော ကိုငှက်ထူးအိမ်သင်ကို နှစ်သက်ကြတာ ခရေဇီပဲလား၊ အရူးအမူးပဲလား။ အရမ်းကြိုက်ကြတုန်းပဲလား။ စကားတန်ဆာတွေ မဖွဲ့နွဲ့ပဲ ခပ်ရိုင်းရိုင်းပြောရင် သောက်ရမ်းခရေဇီ ဖြစ်တုန်းပဲလား။
ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေကတော့ လူကဘ၀မှာ ရှိနေသေးသရွေ့ ခရေဇီပါပဲဗျာ။
စကားလုံးတွေကို တန်ဆာမဆင်တတ်တော့ ပြောချင်သလိုပြော၊ ကျွန်တော်တို့ကတော့ ခရေဇီပါပဲဗျာ။ ။

ချစ်ခြင်းအားဖြင့်
ဖိုးသား။

1 comments:

TKLinn said...

သမီးတို့ကလဲ ခရေဇီပါ ပဲ ရှင်